ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ငြိမ်းချမ်းရေးအတွက် ပန်ကြားလွှာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ငြိမ်းချမ်းရေးအတွက် ပန်ကြားလွှာ
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်
နယူးယောက်မြို့

ကုလသမဂ္ဂအဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် ပထမနေ့တွင် ကျွန်ုပ်မှာ မေးခွန်းတစ်ရပ်ဖြင့် ရင်လေးရပါသည်။

အဆုံးမရှိသောစစ်ပွဲများကြောင့် ခံစားနေရပြီး ပဋိပက္ခအတွင်း၌ ပိတ်မိနေသော လူသန်းပေါင်းများစွာကို ကျွန်ုပ်တို့ မည်ကဲ့သို့ ကူညီကြရမည်ကို အဖြေရှာမရ ဖြစ်နေပါသည်။

အရပ်သားများမှာ သေစေနိုင်သော အကြမ်းဖက်မှုတို့ဖြင့် အထုအထောင်းခံနေရပါသည်။ ယောကျ်ား၊ မိန်းမနှင့် ကလေးများမှာ သတ်ဖြတ်ခြင်း ခံရသည်။ ဒဏ်ရာရရှိကြသည်။ မိမိနေရပ်မှ အဓ္ဓမ စွန့်ခွာစေခြင်း ခံရသည်။ ချွတ်ခြုံကျ မွဲတေလာကြသည်။ ဆေးရုံများနှင့် ထောက်ပံ့မှုယာဉ်တန်းများပင်လျှင် ပစ်မှတ်များ ဖြစ်လာကြသည်။

ဤစစ်ပွဲများသည် နိုင်သူမရှိ၊ ရှံူးသူသာရှိသည်။ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးအဆောက်အဦများကို ဒေါ်လာ ဘီလီယံထောင်ပေါင်းများစွာ အကုန်အကျခံ ဖျက်ဆီးပစ်ပြီး၊ မျိုးဆက်ပေါင်းများစွာတွင် မပြေပျောက်နိုင်သော သံသယနှင့် ကြောက်ရွံ့ခြင်း တို့ကို သံသရာလည်စေပါသည်။ ဒေသအလိုက် မတည်မငြိမ်ဖြစ််လာပြီး၊ ကမ္ဘာအဝှမ်းတွင် အကြမ်းဖက်မှု၏ ခြိမ်းခြောက်မှုကြီး သက်ရောက်နေပါသည်။

နှစ်သစ်အခါသမယမှာ ငြိမ်းချမ်းရေးကို ရှေ့တန်းတင်ရန် ကျွန်ုပ်တို့အားလုံး ကတိကဝတ် ပြုကြပါစို့။

သက္ကရာဇ် ၂၀၁၇ ခုနှစ်မှာ ကျွနု်ပ်တို့အားလုံး၊ နိုင်ငံသူနိုင်ငံသားတိုင်း အစိုးရများနှင့် ခေါင်းဆောင်ကြီးများ တစ်ဦးနှင့်တစ်ဦး မတူညီမှုများကို ကျော်လွှားနိုင်ဖို့ ဆန္ဒပြုကြပါစို့။

လူသားတို့၏ နေ့စဉ်ဘဝများတွင် ပေါင်းစည်းမှု အကြင်နာတရား ထားရှိမှုဖြင့်လည်းကောင်း၊ နိုင်ငံရေးကွာဟမှုများကို အပြန်အလှန် စကားဖလှယ်ခြင်းနှင့် လေးစားမှုထားရှိခြင်းဖြင့်လည်းကောင်း၊ စစ်မြေပြင်တွင် အပစ်အခတ် ရပ်စဲခြင်းနှင့် ဆွေးနွေးမှု စားပွဲဝိုင်းများ၌ နိုင်ငံရေးအဖြေရှာရန် အပေးအယူလုပ်နိုင်ခြင်းဖြင့်လည်းကောင်း…..

ငြိမ်းချမ်းရေးဟူသည် ကျွန်ုပ်တို့၏ ဦးတည်ချက်နှင့် လမ်းညွှန်ချက် ဖြစ်ရပါမည်။

လူသားတို့၏ မိသားစုအသိုုင်းအဝန်း တည်ဆောက်ရန် ကြိုးပမ်းရာတွင် သိက္ခာထားရှိနိုင်ခြင်း၊ မျှော်လင့်ချက်ထားရှိနိုင်ခြင်းနှင့် တိုးတက်ဖွံ့ဖြိ်ုးမှု ရရှိနိုင်ခြင်း အားလုံးသည် ငြိမ်းချမ်းရေးအပေါ် မူတည်ပါသည်။

ငြိမ်းချမ်းရေးသည်လည်း ကျွနု်ပ်တို့အပေါ် မူတည်ပါသည်။

ယနေ့မှစ၍ နေ့စဉ်နေ့တိုင်း ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းကြရန် ကျွန်ုပ်နှင့်အတူ အားလုံးပါဝင်ကြဖို့ ကျွန်ုပ်အနေနှင့် ပန်ကြားလိုပါသည်။

သက္ကရာဇ် ၂၀၁၇ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ် ဖြစ်လာဖို့ ကျွနု်ပ်တို့ ကြိုးပမ်းကြပါစို့။

ကျေးဇူးတင်ပါသည်။