မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Renata Dessallien ၏ မြန်မာနှစ်သစ်ကူးသ၀ဏ်လွှာ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Renata Dessallien ၏ မြန်မာနှစ်သစ်ကူးသ၀ဏ်လွှာ

(Skynet TV မှတဆင့်ထုတ်လွှင့်သည်။)

မင်္ဂလာပါရှင်

အခုလို ထူးခြားတဲ့ အချိန်အခါသမယမှာ နွေးထွေးစွာ နှုတ်ခွန်းဆက်သပါတယ်။ သင်္ကြန်ကာလကတော့ပစ္စုပန် အခြေအနေတွေသုံးသပ်ဖို့၊တရားအားထုတ်ဖို့၊ ပျော်ပွဲရွှင်ပွဲ ကျင်းပဖို့ အချိန်အခါပါ။ ဒီလိုသုံးသပ်တာကျွန်မတို့ရဲ့ ကိုယ်နဲ့စိတ် ရှေ့ဆက်လုပ်ဆောင်မဲ့ လုပ်ငန်းဆောင်တာတွေကို ပိုပြီးတိုးတက်ကောင်းမွန်စေ ပါတယ်။ ပျော်ရွှင်မှုတွေ၊ စိတ်အားထက်သန်မှုတွေနဲ့ မေတ္တာတရားတွေကို လူတိုင်းစီကို မျှဝေပြီး ဆင်နွှဲကျင်းပတဲ့ အချိန်လဲဖြစ်ပါတယ်။

မြန်မာအစိုးရအနေနဲ့ သူတို့တာဝန်ထမ်းဆောင်တဲ့ ပထမနှစ်မှာ အတွေ့အကြုံတွေပြန်လည်သုံးသပ်ပြီး သင်ခန်းစာများ မှတ်ယူခြင်းဖြင့် လူထုရဲ့ဆန္ဒကိုဖေါ်ဆောင်ရန်ပြန်လည် ကတိက၀တ်ပြုပြီး ရှေ့သို့ချီလျက်ရှိပါသည်။ အလားတူ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့လည်း သင်ခန်းစာမှတ်ယူသုံးသပ်ပြီး မြန်မာပြည်သူလူထုရဲဆန္ဒဖေါ်ဆောင်နိုင်ရန် ကြိုးပမ်းနေပါတယ်။ တစ်ဖက်မှာ မြန်မာနိုင်ငံဟာ အရမ်းကိုထူးခြားတဲ့ နိုင်ငံဖြစ်ပြီး၊ သမိုင်းကြောင်းမှာ အမြဲတမ်းလွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ ဒီနေ့အချိန်အခါမှာ မြန်မာပြည်သူအများ ခက်ခက်ခဲခဲ ရင်ဆိုင်နေရတဲ့ ဆင်းရဲချို့တဲ့မှုတွေ ရှိနေရသလို၊ တစ်ပြိုင်ထဲမှာပဲ နယ်စပ်ဒေသလို နေရာတွေမှာပြင်းထန်တဲ့ပဋိပက္ခ  တွေရှိ ပါတယ်။

တခြားတစ်ဖက်ကိုကြည့်ရင် မြန်မာနိုင်ငံဟာ အရမ်းထူးခြားကောင်းမွန်တဲ့ အဖိုးတန်ရတနာတွေရှိတဲ့ နိုင်ငံပါ။ ရုပ်ဝတ္ထုရတနာတွေကိုပဲ ကျွန်မပြောနေတာ မဟုတ်ပါဘူး။ အဖိုးထိုက်ရတနာဆိုတာ မြန်မာပြည်ပိုင် ပေါကြွယ်ဝတဲ့ သဘာဝ သယံဇာတတွေရှိသလို၊ လူသားအရင်းအမြစ်နဲ့ စိတ်ပိုင်းဆိုင်ရာ ရတနာတွေ ရှိနေတာပါ။ မြန်မာပြည်သူတွေရဲ့ နှလုံးသာထဲမှ ကိန်းအောင်းနေတဲ့ အဖိုးတန်ဆုံးရတနာတစ်ခုကို ကျွန်မခံစားနေရပါတယ်။

၂၀၁၅ ခုနှစ်ထဲမှာ မြန်မာတစ်နိုင်ငံလုံးရဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ၁၂ ခုလောက် ရေးလွှမ်မိုးမှုဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားခဲ့ရချိန် ကျွန်မရှိနေပါတယ်။ အဲ့ဒီ့အချိန်မှာ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာ၊ ကျားမမရွေး လူတိုင်းရှေ့ထွက်လာပြီး ဒုက္ခရောက်နေသူတွေကို ကူညီဖို့ကြိုးစားအားထုတ် လာကြပါတယ်။ အဲ့ဒီ့အချိန်ဟာ အရမ်းအရမ်းကို စိတ်အားတက်ကြွစေတဲ့ အချိန်ဖြစ်သလို မြန်မာလူမျိုးရဲ့ ပေးကမ်းလှူဒါန်း ရက်ရောတတ်တဲ့ စိတ်နေစိတ်ထားကို မြင်တွေ့ခဲ့ရပြီး၊ သည်တိုင်းပြည်ရဲ့ အနာဂတ်ဟာ အင်မတန်တောက်ပြောင်နေမယ်ဆိုတာကို ကျွန်မ ခိုင်ခိုင်မာမာခံစားခဲ့ရပါတယ်။

အားလုံးသိကြတဲ့ အတိုင်းပါပဲ အခုဆိုရင် မြန်မာနိုင်ငံဟာ တိုင်းပြည်ကို ပိုကောင်းမွန်အောင် တည်ဆောက်နေတဲ့ အချိန်ဖြစ်ပြီး၊ ထူးခြားတိုးတက်မှုတွေ ဖော်ဆောင်ခဲ့ပြီးသလို ဆက်လက်လုပ်ဆောင်စရာတွေ ကျန်နေပါသေးတယ်။ ကျွန်မရဲ့ မျှော်လင့်ဆုတောင်းတာကတော့ ပြည်သူနဲ့အစိုးရအနေရဲ့ နိုင်ငံအတွက် ရှေ့ဆက်ဆောင်ရွက်မှုတွေမှာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ လူတိုင်းတန်းတူညီမျှဖြစ်ရေးတွေပါ။ ဒီလို ရက်ရောပေးကမ်းမှုနဲ့ ချစ်ခြင်းမေတ္တာရှိမှုတွေဟာ လုပ်ငန်းစဉ်တလျှောက် လွှမ်းခြုံပြီး၊ လူတိုင်းပါဝင်နိုင်မှု၊ လေးစားမှုနဲ့ တန်ဖိုးထားခံရမှုတွေကို ဖြစ်စေမှာပါ။ ဒီလမ်းကြောင်းနဲ့သာ ထူးခြားလှတဲ့ မြန်မာပြည်ရဲ့ အရမ်းကောင်းမွန်တဲ့ အနာဂတ်ကို ကျိန်းသေရရှိနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ နောက်ပြီး အခုလို သင်္ကြန်အချိန်အခါသမယဟာ တစ်ဦးတစ်ယောက်စီတိုင်းအတွက် ပျော်ရွှင်စရာ ပွဲတော်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

နှစ်သစ် မင်္ဂလာပါ မြန်မာပြည်။

ဂုဏ်ယူပါတယ် မြန်မာပြည်။

ကျေးဇူးတင်ပါတယ်။