Press Release: UNODC‐supported Alternative Development Coffee from Myanmar launched in French Parliament

Paris (France), 22 March 2019 – In a pivotal moment for Myanmar’s burgeoning specialty coffee industry, the United Nations Office on Drugs and Crime (UNODC) and French coffee company Malongo today launched a new line of high‐quality coffee, Shan Mountain Coffee, in the French Parliament.

The first tasting and presentation of Shan Mountain Coffee took place at the Presidential Hall of the Parliament in presence of the President of the National Assembly Richard Ferrand and dozens of other prominent guests. At the same time, the sales of Shan Mountain Coffee opened in Malongo stores in Paris and Nice.
The Shan Mountain Coffee is ethically sourced in conflict‐ridden Shan State in eastern Myanmar. Shan State produces nearly 90 per cent of opium cultivated in Myanmar, the second largest opium exporter in the world (after Afghanistan).

The Shan Mountain Coffee is grown by a UNODC‐supported Green Gold Cooperative formed by almost 1,000 farmers in Shan State who used to cultivate opium poppy. The strategic partnership between Malongo, the Green Gold Cooperative and UNODC is a key to bringing peace, prosperity and environmental sustainability to Shan State which is one of the top opium poppy cultivation areas in the world.

“UNODC is proud to have been part of this exciting initiative that developed a brand new premium coffee product as a means for reducing opium production in Myanmar,” said Troels Vester, UNODC Country Manager in Myanmar. “Judging by its success here in French Parliament, the Shan Mountain Coffee is now set to make it in France and encourage others in Myanmar to switch from opium to growing alternatives crops.”

The emergence of Myanmar as a coffee producer is supported by UNODC’s Alternative Development Programme, co‐financed by two main donors, Finland and Germany, and with the additional support of Switzerland, that is giving resources directly to the Cooperative.

The programme’s objective to develop sustainable livelihood alternatives for opium growing communities has enabled participating farmers to independently cultivate, refine and commercialize high quality coffee that can be exported to one of the most competitive international markets. The establishment of the farmer‐run Green Gold Cooperative ensures that these farmers will indeed see the fruits of their labour for many years to come.

“In Shan State, this programme has not only provided livelihoods and increased confidence in governance, but also promoted environmental sustainability, land tenure rights, and contributed to creating an enabling environment for peace,” said Miwa Kato, Director of Operations for UNODC. “The partnership between the Malongo Coffee company and the Green Gold Cooperative in Myanmar demonstrates how both public and private interests can merge to benefit small farmer communities,” she added.

“Malongo is a private company, our involvement in such a project is not about charity or helping coffee producers, it is about business. But we want to set up another kind of business where the added value is shared between the actors of the supply chain, where producers can live with dignity from their work, where consumers are faithful and satisfied with the quality,” said Jean‐Pierre Blanc, Director General of Malongo Coffee Company.

Green Gold began the partnership with Malongo to bring to market alternative
development coffee in 2017. Under this long‐term (five year) partnership agreement,
Malongo will buy up to 600 tonnes of coffee per year from more than one thousand
beneficiary farmers.

Farmers cultivating illicit drug crops are usually unable to obtain sufficient income from legal activities and are among the most marginalized in society, with profits fueling protracted armed conflict in Myanmar’s peripheral regions. Alternative development has been one of the most successful approaches to providing these farmers with more stable, sustainable livelihoods.

Nang San Hlaing is a beneficiary farmer from Taung Nauk village in Southern Shan State. Reflecting on her area’s transition from conflict to peace, she illustrated the impact of alternative development in creating an environment of peace: “After we joined the UNODC coffee programme in 2015, Myanmar soldiers and ethnic armed groups make fewer visits to our village. We enjoy a more peaceful life now and would like to thank UNODC for working in our village and helping poor farmers to plant coffee for a sustainable income.”

Women play a crucial role in this programme participating as farmers, village level
committee members and representatives in the governing bodies of Green Gold. Although there have been important advances, women still face challenges as farmers and community leaders, role models and mothers. Nang Lone, ethnic Shan woman from Taunt Lan village (Loilem township) expresses her feelings related to her participation in the programme: “People may think differently about my role in my family, however I must step up for my children’s future. And for my community.”

For further information, please contact:

Troels Vester
Country Manager

UNODC Myanmar Office

troels.vester@unodc.org
 

Shan Mountain Coffee on display at a Malongo Store in Paris. Photo credit: UNODC


Speaker of the French Parliament Richard Ferrand attending the launch of Shan Mountain Coffee in French National Assembly in Paris. Photo credit: UNODC

UNODC မှ ထောက်ပံ့ကူညီသည့် မြန်မာနိုင်ငံ၏  အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းထုတ်ကုန် ကော်ဖီကို ပြင်သစ်နိုင်ငံ ပါလီမန်တွင် စတင်မိတ်ဆက်

ပဲရစ် ( ပြင်သစ်နိုင်ငံ)၊ ၂၂ မတ်လ ၂၀၁၉ – မြန်မာနိုင်ငံ၏ အရှိန်အဟုန် မြင့်မားစွာ ကြီးထွားလာသော ကော်ဖီ ကုန်ထုတ်လုပ်ငန်း၏ အရေးကြီးသောအရွေ့တစ်ခုတွင် UNODC နှင့် ပြင်သစ်ကော်ဖီကုမ္ပဏီ (Malongo)တို့ပူးပေါင်း၍ ရှမ်းတောင်တန်းဒေသထွက် အရည်အသွေးမြင့် ကော်ဖီအမှတ်တံဆိပ် အသစ်တစ်ခုကို ယနေ့ ပြင်သစ် ပါလီမန်တွင် စတင်မိတ်ဆက်ခဲ့ပါသည်။

ပထမဆုံးသော ရှမ်းတောင်တန်းဒေသထွက် ကော်ဖီ အရသာ မြည်းစမ်းခြင်းနှင့် အစီရင်ခံ တင်ပြခြင်းကို ပါလီမန်ရှိ သမ္မတ ခန်းမဆောင်တွင် ကျင်းပခဲ့ပြီး President of the National Assembly Richard Ferrand နှင့် အခြား ထင်ရှားသည့် ဧည့်သည်တော် ဆယ့်နှစ်ယောက်တက်ရောက်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ရှမ်းတောင်တန်းဒေသထွက် ကော်ဖီ ဖွင့်လှစ်ရောင်းချခြင်းကို  ပဲရစ်မြို့ နှင့် နိုက်စ်မြို့ ရှိ Malongo အရောင်းဆိုင်များတွင် ပြုလုပ်ခဲ့ပါသည်။

ရှမ်းတောင်တန်းဒေသထွက် ကော်ဖီသည် မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ ပဋိပက္ခများ လွှမ်းမိုးခဲ့သော ရှမ်းပြည်နယ်၏ ဒေသထွက် အရင်းအမြစ်တစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ ဘိန်းထုတ်လုပ်ရောင်းချမှု အများဆုံး နိုင်ငံစာရင်းတွင် အာဖဂန်နစ်စတန်နိုင်ငံပြီးလျှင် ဒုတိယမြောက် အများဆုံးဖြစ်သော မြန်မာနိုင်ငံ၏ ၉၀ % သော ဘိန်းကို ရှမ်းပြည်နယ်မှ ထွက်ရှိပါသည်။

ရှမ်းတောင်တန်းဒေသထွက် ကော်ဖီသည် UNODC မှ ထောက်ပံ့ကူညီပေးထားသော ရှမ်းပြည်နယ်ရှိ တောင်သူ ၁၀၀၀ ခန့်ဖြင့် ဖွဲ့စည်းထားသည့် Green Gold သမ၀ါယမအသင်းမှ စိုက်ပျိုး ထုတ်လုပ်ခြင်းဖြစ်ပါသည်။ ထိုတောင်သူ ၁၀၀၀ခန့်မှာ လွန်ခဲ့သောကာလက ဘိန်းစိုက်တောင်သူများ ဖြစ်ခဲ့ကြသည်။ Green Gold သမ၀ါယမအသင်း၊ Malongo ပြင်သစ်ကော်ဖီကုမ္ပဏီနှင့် UNODC တို့ကြားရှိ မဟာဗျူဟာကျကျ ပူးပေါင်းလုပ်ဆောင်ခြင်းသည် ကမ္ဘာပေါ်ရှိ ထိပ်တန်းဘိန်းစိုက်ပျိုးထုတ်လုပ်သည့် နေရာများမှ တစ်ခုဖြစ်သော မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ငြိမ်းချမ်းရေး၊ တိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေရေးကို ဖော်ဆောင်ရာတွင် အဓိက သော့ချက်တစ်ခုဖြစ်ပါသည်။

“ UNODC အနေနဲ့ ပြင်သစ်ဈေးကွက်မှာ အာမခံချက်အပြည့်ရှိ ကော်ဖီထုတ်ကုန် အမှတ်တံဆိပ်သစ်တစ်ခု ထုတ်လုပ်နိုင်တဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ဆောင်ရွက်ခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူပါတယ်။ ဒီလုပ်ငန်းကဆိုရင် မြန်မာနိုင်ငံမှာ ဘိန်းထုတ်လုပ်မှုကို လျော့ကျစေပါတယ်။” ဟု မြန်မာနိုင်ငံ UNODC Country Manager ဖြစ်သူ Mr. Troels Vester မှ ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး

“ပြင်သစ်နိုင်ငံ ပါလီမန်မှာ ကျင်းပတဲ့ အရသာမြည်းစမ်းတဲ့ပွဲမှာ အောင်အောင်မြင်မြင် အကဲဖြတ်ပြီးတဲ့နောက် ရှမ်းတောင်တန်း ဒေသထွက် ကော်ဖီထုတ်ကုန်ဟာ အခုအခါ ဥရောပနိုင်ငံထုတ်ကော်ဖီအဖြစ် တံဆိပ်ကပ်နိုင်ပြီဖြစ်တယ်။ ဒါ့ကြောင့် ဘိန်းစိုက်ပျိုးခြင်းမှ အခြားသော သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရန်အတွက် အခြားတောင်သူများကိုလည်း အားကျအတုယူစေနိုင်ပြီ ဖြစ်ပါတယ်။ ” ဟု ပြောကြားခဲ့ပါသည်

ယခုကဲ့သို့ မြန်မာနိုင်ငံကို ကော်ဖီထုတ်လုပ်သည့်နေရာတစ်ခုအဖြစ်  ဂုဏ်ယူစွာ ဖြစ်ထွန်းလာစေရန်အတွက် UNODC၏ရေရှည်တည်တံ့ခိုင်မြဲသော အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းမှသော်လည်းကောင်း  အဓိက အလှူရှင် များဖြစ်ကြသည့် ဖင်လန်နှင့် ဂျာမနီအစိုးရ တို့ကငွေကြေးအရသော်လည်းကောင်း ဆွစ်ဇာလန်အဖွဲ့အစည်းမှ သမ၀ါယမအသင်းအား အခြားလိုအပ်သည့် အရင်းအမြစ်များဖြင့်သော်လည်းကောင်း ကူညီထောက်ပံ့ပေးလျှက်ရှိပါသည်။

စီမံကိန်း၏ ရည်ရွယ်ချက်မှာ ဘိန်းစိုက်တောင်သူများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော အစားထိုး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖွံဖြိုးလာစေရန်အတွက် တောင်သူများအနေဖြင့် ကော်ဖီ စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းတို့ကို လွတ်လပ်စွာ လုပ်ဆောင်နိုင်စေရန်နှင့်  နိုင်ငံတကာဈေးကွက်များတွင် လူကြိုက်အများဆုံးသော ကော်ဖီများထဲမှ တစ်ခုအဖြစ် ပြည်ပသို့တင်ပို့နိုင်သော အရည်အသွေးမြင့် ကော်ဖီထုတ်လုပ်နိုင်ခြင်းဖြင့် အကျိုးအမြတ်ရရှိစေရန် ဖြစ်သည်။

“ရှမ်းပြည်နယ်မှာတော့ ဒီစီမံကိန်းက အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေပေးတယ်။ အစိုးရပိုင်းကိုလည်း ယုံကြည်မှုတိုးစေတယ်။ ဒါတင်မကပါဘူး သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေပြီး၊ မြေယာပိုင်ဆိုင်မှု သက်တမ်း ရပိုင်ခွင့် စတာတွေကိုလည်း မြှင့်တင်ပေးပါတယ်။ ပြီးတော့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးတဲ့နေရာမှာလည်း အထောက်အကူပြုပါတယ်။” ဟု UNODC မှ Director of Operations ဖြစ်သူ Ms. Miwa Kato မှ ပြောကြားခဲ့ပါသည်။ ထို့အပြင် သူမက “Malongo ကော်ဖီကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ Green Gold သမ၀ါယမအသင်းတို့ရဲ့ နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခြင်းကြောင့် အများပြည်သူနှင့် စီးပွါးရေး လုပ်ငန်းစုများ၏ စိတ်ပါဝင်စားမှုက တောင်သူလယ်သမား အသင်းအဖွဲ့ငယ်အတွက် အကျိုးကျေးဇူးတွေ ဘယ်လောက်ထိ ရရှိနိုင်လဲဆိုတာကိုလည်း ဖော်ပြနေပါတယ်။” ဟုထပ်မံ ဖြည့်စွက်ပြောကြားခဲ့ပါသည်။

“Malongo က စီးပွါးရေးလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလိုစီမံကိန်းမှာ ပါဝင်ခြင်းက  ကော်ဖီထုတ်လုပ်သူတွေကို ကူညီပေးတဲ့ မွန်မြတ်တဲ့ အလုပ်တစ်ခုတည်းအနေနဲ့မဟုတ်ပါဘူး။ ဒါက စီးပွါးရေးတစ်ခုပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ စီးပွါးရေး ကွင်းဆက်မှာပါဝင်တဲ့သူတွေအတွက် အရည်အသွေးမြှင့်ပေးတဲ့ အခြားသော စီးပွါးရေး လုပ်ငန်းတစ်ခုကိုလည်း လုပ်ဆောင်လိုပါတယ်။ ထုတ်လုပ်သူတွေက သူတို့ရဲ့အလုပ်မှာ ဂုဏ်သိက္ခာရှိရှိ နေနိုင်တဲ့စီးပွါးရေးမျိုး၊ ၀ယ်ယူသုံးစွဲသူများမှ ယုံကြည်စိတ်ချရပြီး အရည်အသွေးနှင့် ပတ်သက်ပြီးလည်း ကျေနပ်မှု ရှိစေတဲ့ စီးပွားရေးမျိုး လုပ်ဆောင်လိုပါတယ်။” ဟု Malongo ကော်ဖီကုမ္ပဏီမှ အထွေအထွေ ညွှန်ကြားရေးမှူး Jean-Pierre Blanc မှ ပြောကြားခဲ့ပါသည်။

Green Gold သမ၀ါယမအသင်းသည် အစားထိုးဖွံ့ဖြိုးရေးထုတ်ကုန် ကော်ဖီအဖြစ် ဈေးကွက်တွင်း ရောက်ရှိရန်အတွက် Malongo ပြင်သစ်ကော်ဖီကုမ္ပဏီနှင့် ၂၀၁၇ ခုနှစ်တွင် စတင်ပြီး အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။  ၅ နှစ်တာ အကျိုးတူပူးပေါင်းလုပ်ဆောင်ခြင်း သဘောတူညီမှုအရ Malongo သည် ကော်ဖီစိုက်တောင်သူတစ်ထောင်ကျော်ထံမှ တစ်နှစ်လျှင် ကော်ဖီတန်ပေါင်း ၆၀၀ ထိဝယ်ယူသွားမည်ဖြစ်သည်။

တရားမ၀င်သီးနှံများစိုက်ပျိုးသော တောင်သူများမှာ အများအားဖြင့် တရားဝင် လုပ်ငန်းများမှ ငွေကြေးလုံလုံလောက်လောက်ရရှိအောင် မစွမ်းဆောင်နိုင်ကြပါ။ထို့အပြင် လူမှုပတ်ဝန်းကျင်တွင်လည်း အရေးထားခံရမှု အနည်းဆုံး ဖြစ်ပြီး မြန်မာနိုင်ငံ အစွန်အဖျားနေရာဒေသများတွင် လက်နှက်ကိုင်ပဋိပက္ခများကို ကာလရှည်ကြာစေရန် အားပေးသကဲ့သို့ သက်ရောက်နေပါသည်။ အစားထိုး ဖွံ့ဖြိုးရေး သည်  ထိုတောင်သူများကို ပိုမို တည်တံ့ခိုင်မြဲသော၊ ရေရှည်အသုံးပြုနိုင်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထောက်ပံ့ပေးအပ်ရန်အတွက် အအောင်မြင်ဆုံးသော ချဉ်းကပ်မှုတစ်ခု ဖြစ်သည်။

နန်းဆိုင်လျှန်းသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်နောက်ရွာမှ စီမံကိန်း တွင်ပါဝင်သည့် တောင်သူတစ်ဦးဖြစ်ပါသည်။  သူမ၏ဒေသတွင် ပဋိပက္ခမှ ငြိမ်းချမ်းရေးသို့ ကူးပြောင်းခြင်း ဖြစ်စဉ်တွင်  ငြိမ်းချမ်းသော ပတ်ဝန်းကျင် ဖန်တီးရာ၌ အစားထိုး ဖွံ့ဖြိုးရေး၏အကျိုးသက်ရောက်မှုကို သူမက –

“ကျွန်မတို့ ၂၀၁၅ မှစပြီး UNODC ကော်ဖီစိုက်ပျိုးရေး စီမံကိန်းမှာ ၀င်ရောက်လုပ်ကိုင်ခဲ့တဲ့နောက် တပ်မတော်သားတွေရော လူမျိုးစုလက်နှက်ကိုင်အဖွဲ့တွေရော ကျွန်မတို့ရွာကို လာတာ နည်းသွားပါတယ်။ အခု ကျွန်မတို့ဘ၀မှာ ငြိမ်းချမ်းမှုကို ပြိုပီး ခံစားနေရပါပြီ။ ဒါကြောင့် ကျွန်မတို့ရွာမှာ စီမံကိန်းလာရောက်လုပ်ကိုင်ပေးတဲ့ အတွက်နဲ့ ဆင်းရဲတဲ့တောင်သူတွေကို ရေရှည်ခိုင်မာတဲ့ ၀င်ငွေရတဲ့ ကော်ဖီစိုက်ပျိုးရာမှာ ကူညီပေးတဲ့အတွက် ကျွန်မတို့အနေနဲ့ UNODC ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” ဟု ဖော်ပြခဲ့ပါသည်။

ဤစီမံကိန်းတွင် အမျိုးသမီးများသည်  တောင်သူများအနေဖြင့်လည်းကောင်း၊ ကျေးရွာအဆင့် ကော်မတီဝင်များအနေဖြင့်လည်းကောင်း၊ Green Gold သမ၀ါယမ အသင်း၏ စီမံအုပ်ချုပ်ရေးအဖွဲ့တွင် ကိုယ်စားလှယ်များအဖြစ်လည်းကောင်း အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျှက် ရှိပါသည်။ အရေးကြီးသော တိုးတက်မှုများ ရှိနေပြီးဖြစ်သော်လည်း အမျိုးသမီးများအနေဖြင့် (တောင်သူများ၊ ကျေးရွာပြည်သူလူထုခေါင်းဆောင်များ၊ စံပြအမျိုးသမီးများ၊ မိခင်များ ) အဖြစ် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရဆဲဖြစ်ပါသည်။  လွိုင်လင်မြို့နယ် တောက်လန်းကျေးရွာမှ ရှမ်းအမျိုးသမီးတစ်ဦးဖြစ်သူ နန်းလုံက စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီး သူမ၏ ခံစားချက်များကို –

“ လူတွေအနေနဲ့ ကျွန်မရဲ့မိသားစုမှာ ကျွန်မရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အမျိုးမျိုး တွေးထင်ကောင်း ထင်နိုင်ပါတယ်။ သို့သော်လည်း ကျွန်မကတော့ ကျွန်မကလေးတွေရဲ့ အနာဂတ်အတွက် ၊ ပြီးတော့ ကျွန်မတို့ ကျေးရွာပြည်သူလူထုရဲ့ အနာဂတ်အတွက် ဒီအခွင့်အရေးကို အသုံးချပြီး လုပ်ဆောင်သွားရမှာပါပဲ ”  ဟု ထုတ်ဖော် ပြောပြခဲ့ပါသည်။

ထပ်မံလိုအပ်သော သတင်းအချက်အလက်များအတွက် ကျေးဇူးပြုအောက်ပါလိပ်စာကို ဆက်သွယ်နိုင်ပါသည်။

Troels Vester

Country Manager

UNODC Myanmar Office

troels.vester@unodc.org