Note to Correspondents on Ceasefire Extension

သတင်းမီဒီယာသို့ အ ကြောင်းကြားစာ

ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှုးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဌာနေညှိနှိုင်းရေးမှုး (ယာယီ) ခနုသ်အော့စဘီ သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သော အပစ်အခတ်ရပ်စဲရေးကာလကို ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့ မှ ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ တိုးမြှင့်ကြောင်းကြေညာချက်ကို ကြိုဆိုပါသည်။

အဆိုပါအပစ်အခတ်ရပ်စဲရေးကာလသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းစဉ်ကို ပိုမိုခိုင်မာစေမည်ဟု မစ္စတာ အော့စဘီက မျှော်လင့်ပါသည်။

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများသည် သက်ရောက်မှုရှိသောဒေသတွင်းရှိ လိုအပ်ချက်များရှိ နေသော လူသားများအားလုံးကို အရေးပေါ်လူသားချင်းစာနာမှုအကူအညီများပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့များ အားလုံးနှင့်အတူ လုပ်ဆောင်ရန် အသင့်ရှိနေပါသည်။

သက်ဆိုင်ရာအဖွဲ့များအားလုံးအား အရပ်သားများကို အကာအကွယ်ပေးရန်နှင့် နိုင်ငံတကာ လူသားချင်း စာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေအရချမှတ်ထားသော တာဝန်ဝတ္တရားများကို ထိန်းသိမ်းစောင့်ရှောက်ရန် မစ္စတာ အော့စဘီက ပန်ကြားပါသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းစဉ်ကို ကုလသမဂ္ဂအနေနှင့် အားပေးထောက်ပံ့ရန် ချမှတ်ထားသော နက်ရှိုင်းသည့် သန္နိဋ္ဌာန်ကို ထပ်မံအတည်ပြုပါသည်။

ရန်ကုန်၊ ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့

မီဒီယာဆက်သွယ်ရန် – Stanislav Saling ပြောရေးဆိုခွင့်ရှိသူ၊ ကုသမဂ္ဂ ဌာနေညှိနှိုင်းရေးမှုးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှုးရုံး၊ email: stanislav.sailing@one.un.org ၊ ဖုန်း : +95-942 651 9871

Note to Correspondents

Acting UN Resident and Humanitarian Coordinator Knut Ostby welcomes the announcement by the Office of the Commander-in-Chief of the Defense Services of a ceasefire extension from 1 May to 30 June 2019.

Mr. Ostby expresses hope that the ceasefire extension will further strengthen the prospects for Myanmar’s peace process.

The UN in Myanmar is prepared to work with the relevant parties on providing urgent humanitarian assistance to all people in need in the affected areas.

Mr. Ostby also calls on all parties to protect civilians and uphold their responsibilities under International Humanitarian and Human Rights Law.

The UN reaffirms its deep commitment to continue supporting the Myanmar peace process and humanitarian operations.

Yangon, 1 May 2019

 Media contact: Stanislav Saling, Spokesperson, Office of the UN Resident and Humanitarian Coordinator,stanislav.saling@one.un.org or +95-942 651 9871.