Statement by the Resident and Humanitarian Coordinator, a.i., Knut Ostby (English version below)

Office of the Resident and Humanitarian Coordinator, Republic of the Union of Myanmar

မြန်မာနိုင်ငံဆိုင်ရာ ယာယီ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာရေးရာညှိနှိုင်းရေးမှူး

ခနွတ်အော့ဒ်စဘီ၏ ထုတ်ပြန်ကြေငြာချက်

(ရန်ကုန်၊ ၂၀၁၉ခုနှစ် သြဂုတ်လ ၁၉ ရက်) ။ ။ ယနေ့ကို ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာနေ့ အဖြစ်သတ်မှတ်ထားပြီး ပဋိပက္ခများတွင် ပိတ်မိနေသူများအား ကယ်တင်ရန် နှင့် ၎င်းတို့၏ဘ၀များ ပိုမို တိုးတက်ကောင်းမွန်စေရန်အတွက် မကြာခဏ မိမိအသက်ကိုရင်း၍ ဆောင်ရွက်နေကြသော လူသားချင်း စာနာမှုလုပ်ဆောင်သူများအား ဂုဏ်ပြုသည့်နှစ်ပတ်လည်နေ့လည်းဖြစ်ပါသည်။

နိုင်ငံတကာတွင် သဘာဝဘေးကြောင့်ဖြစ်စေ၊ လက်နက်ကိုင်ပဋိပက္ခကြောင့်ဖြစ်စေ အကူအညီလိုအပ်နေသူ များကိုအစားအစာ၊ ရေ၊ ကျန်းမာရေးဝန်ဆောင်မှုနဲ့ အခြားအရေးပါသော အထောက်အပံ့များ ပံ့ပိုးကူညီနေသော လူသားချင်းစာနာမှုလုပ်ဆောင်သူအင်အား၏ ၄၀ ရာခိုင်နှုန်းခန့်ရှိ အမျိုးသမီးများကို ယခုနှစ်တွင် အထူးဂုဏ်ပြု လိုပါသည်။

မြန်မာနိုင်ငံသည် အဆုံးမရှိသော အလားအလာကောင်းများ၊ အလျင်အမြန်ပြောင်းလဲနေမှုများနှင့် ကြုံတွေ့နေ ရပြီး ရှုပ်ထွေးသော လူသားချင်းစာနာမှု အခက်အခဲများကိုလည်း ဆက်လက် ရင်ဆိုင် တွေ့ကြုံနေရပါသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် မကြာခဏဖြစ်ပေါ်သော ဆိုင်ကလုန်းမုန်တိုင်းများ၊ အပျက်အစီး များပြားေ သာ ရေကြီးမှုများ၊ ငလျင်ပြတ်ရွေ့တလျှောက်မြို့ကြီးများ တည်ရှိနေခြင်းစသည့် အချက်များကြောင့် မြန်မာနိုင်ငံ သည် ကမ္ဘာပေါ် တွင် သဘာဝဘေးထိခိုက်ခံစားရနိုင်ခြေအများဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ်ရှိနေပါသည်။

လွတ်လပ်ရေးရပြီးသည့်အချိန်မှစတင်ကာ မြန်မာနိုင်ငံ၏အချို့နေရာဒေသများတွင် လက်နက်ကိုင် ပဋိပက္ခ များနှင့် တောက်လျှောက်နီးပါးကြုံတွေ့နေခဲ့ရပြီး ကချင်၊ ရှမ်း၊ ရခိုင်နှင့် ကရင်ပြည်နယ်များတွင် အိုးအိမ်စွန့်ခွာ နေရပ်ရွှေ့ပြောင်းရသူ ပြည်သူအနည်းဆုံး နှစ်သိန်းခွဲခန့်ရှိနေပါသည်။ ထို့အပြင် ရခိုင်ပြည်နယ်၌ နှစ်ရှည်လများ မငြိမ်မသက်ဖြစ်မှုများကြောင့် ၂၀၁၇ သြဂုတ်လတွင် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ် ၇၄၀,၀၀၀ ကျော် အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုဖြတ်ကျော်တိမ်းရှောင်ခဲ့ရပြီး လက်ရှိ ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခ သည် တသန်းခန့်ရှိနေပါသည်။ ယခုနှစ်ဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်တွင် သီးခြားပဋိပက္ခကြီးတခု ဖြစ်လာ ခဲ့ပြီး ထောင်ပေါင်းများစွာသောပြည်သူများအား နေရပ်စွန့်ခွာစေခဲ့ပါသည်။

၂၀၁၉ ခုနှစ်အတွင်း လူသားချင်းစာနာမှုအကူအညီ လိုအပ်သည့် လူပေါင်း ၉၀၀,၀၀၀ ကျော်ရှိသည့် မြန်မာ နိုင်ငံတွင် မျှော်လင့်ချက်များရှင်သန်စေခြင်း၊ ဂုဏ်သိက္ခာပြန်လည် မြင့်မားစေခြင်းနှင့် အသက်ပေါင်းများစွာ ကယ်တင်ခြင်းတို့အတွက် နိုင်ငံတဝန်း လူသားချင်းစာနာမှုလုပ်ဆောင်သူများ၏ အခန်းကဏ္ဍသည် အလွန် အရေးကြီးပါသည်။ ထို့အပြင် ဒေသခံပြည်သူများနှင့် ဒေသခံအဖွဲ့အစည်းများသည် လူသားချင်းစာနာ တုံ့ပြန်  ဆောင်ရွက်ရာတွင် ရှေ့တန်းက ရပ်တည်ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးများကလည်း ရှေ့မျက်နှာစာက ပါဝင်ဆောင်ရွက်နေကြသည်ကို မကြာခဏဆိုသလို တွေ့မြင်ရပါသည်။

ဥပမာအားဖြင့် အလွန်ခက်ခဲသောအခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော နေရပ်စွန့်ခွာတိမ်းရှောင် သူများစခန်းများတွင် အမျိုးသမီးများသည် လုပ်အားပေးဆရာမများအနေဖြင့် ပုံမှန်ပညာသင်ကြားခွင့် မရသော ကလေးများအတွက် အခြေခံပညာရေး ဝန်ဆောင်မှု ပေးခြင်းမျိုးဖြစ်ပါသည်။ မွန်ပြည်နယ်တွင်လည်း လတ်တလောရေကြီးမှုများကြောင့် နီးစပ်ရာကျေးရွာများမှ ရေဘေးရှောင်လာသူ ဆွေမျိုးများကိုသာမက သူစိမ်း များကိုပင် မိမိတို့အိမ်မှာပေးနေစေသူ၊ ရေဘေးရှောင်ရာတွင်ကူညီပေးသူ၊ နှစ်သိမ့်ပေးသူ အမျိုးသမီးများ ကို ကနဦး လူသားချင်းစာနာ  တုံ့ပြန်ဆောင်ရွက်သူများအဖြစ် တွေ့မြင်ရမည်ဖြစ်ပါသည်။ ဤအရာများထက် မြန်မာနိုင်ငံသားများ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့်သဒ္ဓါတရားကို ပိုပြီးမြင်သာအောင် ဖော်ပြနိုင်မည့်အရာရှိမည် မထင်ပါ။ ကုလသမဂ္ဂနှင့်အတူ အစိုးရမဟုတ်သော လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းဖော်များကလည်း မြန်မာနိုင်ငံသားများနှင့်အတူ ဂုဏ်ယူစွာ ကူညီလုပ်ဆောင်ကြမည်ဖြစ်ပါသည်။

ယနေ့တွင် ကျွန်တော်တို့သည် မြန်မာနိုင်ငံနှင့် ကမ္ဘာတဝန်းရှိ လူသားချင်းစာနာမှုလုပ်ဆောင်နေသူများ၏ ရဲဝံ့ စွန့်စားမှု၊ လုပ်ငန်းအပေါ်နှစ်မြှုပ်လုပ်ဆောင်မှုများကို ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားရင်း အကူ အညီလိုအပ်နေသူများကိုကာကွယ်၊ထောက်ပံ့ရာတွင် အမျိုးသမီးများ၏ အရေးပါသော အခန်းကဏ္ဍကိုမီး  မောင်ထိုးပြလိုပါသည်။ လူသားချင်းစာနာမှုလုပ်ဆောင်နေသူများအား ကာကွယ်ပေးရန်၊ လေးစားရန်နှင့် ၎င်းတို့၏ အသက်ကယ်လုပ်ငန်းများကို အားလုံးက ဝိုင်းဝန်းကူညီပေးကြရန် ထပ်မံတိုက်တွန်းလိုက်ရပါသည်။

Statement by the Resident and Humanitarian Coordinator, a.i., Knut Ostby

Yangon, 19 August 2019

Today we mark World Humanitarian Day, an annual event that honours humanitarian workers, who often risk their own lives to help save and improve the lives of others caught up in crisis.

This year we pay special tribute to the women who make up an estimated 40 per cent of the global humanitarian work force, providing food, water, healthcare and other essentials to those in greatest need, whether because of natural disasters or armed conflict.

Myanmar is a country with endless potential, undergoing rapid change, which continues to grapple with complex humanitarian challenges. It is among the most disaster-prone countries in the world, with climate change expected to contribute to even more frequent cyclones and more destructive flooding, and with major cities along earthquake fault lines.

Parts of the country have experienced near-continuous armed conflict since independence, and at least one quarter of a million people are currently internally displaced from their homes in Kachin, Shan, Rakhine and Kayin states. In addition, years of successive waves of violence in Rakhine spiked in August 2017, triggering an exodus of more than 740,000 men, women and children who fled across the border into Bangladesh, where nearly 1 million are now refugees. Since the beginning of this year, Rakhine has seen a major escalation of a separate conflict, forcing tens of thousands of other people from their homes.

With more than 900,000 people in need of humanitarian assistance in Myanmar in 2019, humanitarian workers play a critical role across the country, saving lives, restoring dignity and providing hope. And time and time again we see that it is local communities and local organizations that serve as the first line of response, often with women at the forefront.

This includes, for example, women working as volunteer teachers in the most challenging circumstances in IDP camps, providing basic education for children where formal schooling no longer exists. It refers to the women first responders in Mon State in recent weeks, supporting evacuations and providing comfort, sometimes taking in relatives and even strangers who have fled nearby villages engulfed by floodwaters. There may be no clearer demonstration of the generosity and resilience of the Myanmar people, and the United Nations and our NGO partners are proud to work side-by-side with them.

Today, we reiterate our appreciation for the bravery and commitment of humanitarian workers in Myanmar and around the world, and highlight in particular the essential role women play in assisting and protecting those in greatest need. We recall that humanitarian workers themselves should be respected and protected, and that their life-saving work should be facilitated by all.