Farewell message of the Resident and Humanitarian Coordinator ai to staff – ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး၏ ဝန်ထမ်းများထံ နှုတ်ဆက်စာလွှာ

Dear Colleagues and friends,

(Please see Myanmar language version below)

As you are reading this, my tenure in Myanmar has come to an end after nearly two years. I would like to thank you for your commitment to UN values and hard work. I have visited many projects across Myanmar, and I have always been impressed by your passion for UN’s mission and your professionalism. This was strongly reflected in the appreciation of your work by the people and communities we serve. I encourage you to continue to maintain the highest standards of service and focus on results for our beneficiaries. This is how we create value to Myanmar and the international community.

I would like to inform you that a candidate for the new RC was nominated to the government and we are now expecting an official response from Nay Pyi Taw. I would like to thank the UNCT for their support in managing the transition to the new RC. I am confident the incoming RC will find the UN team in Myanmar fit for effectively helping the government and other partners address the significant challenges that Myanmar is facing.

There is much that UN can do to support the ongoing transformation of Myanmar. When I arrived in October 2017, Myanmar was in the early phases of a new, democratically elected Government, and, at the same time, there was an unfolding crisis in Rakhine. In spite of the tremendous challenges, we kept our objectives in focus:

  • Maintain the momentum for the country’s peace, economic and democratic transitions for the benefit of all people;
  • Save lives by gaining greater humanitarian access;
  • Support sustainable solutions for Kachin, Rakhine and Shan States; and,
  • Engage in human rights advocacy.

I would also like to remind you that the UN has Zero Tolerance to sexual exploitation and abuse. Preventing and addressing sexual harassment and abuse of authority remains a priority for the whole UN system. In this respect, I have issued a message to all staff in which I spelled out actions that should be  taken in order to strengthen an internal system enabling complaints to be raised and dealt with fairly and confidentially.

An important document that was released that looks critically at the work of the UN in Myanmar, was the Rosenthal Report. I would encourage you to read this report as it looks at the entire UN system both inside and outside the country. This review is valuable for all of us. The Secretary-General has accepted the recommendations “and is committed to implementing them so as to improve the performance of the United Nations system.” The UN Country Team in Myanmar is in dialogue with UN HQ and is fully committed to play its part in the implementation.

Our work must be guided by an approach of constructive and principled engagement, as entrusted by the leadership of the UN system.  This includes a human rights-based approach to all programming. We have been making sure each of our activities meets international standards and the understanding at UNCT is that the UN will remain engaged in public advocacy on strategic issues and speak out on issues of concern.

We have always prioritized leaving no one behind and served the people of all communities in Myanmar, regardless of their ethnicity, religion or citizenship status in line with the 2030 Sustainable Development Agenda, the Myanmar Sustainable Development Plan, and the international human rights principles and humanitarian priorities. I urge you to continue to use leaving no one behind as your guiding principle.

The Resident Coordinator Office has now formally been separated from UNDP, in line with reforms at the global level. These changes have been to encourage stronger coordination of both development and humanitarian activities across the world, to the benefit of those that we work for – the poorest and most vulnerable.  We have now opened the UN Office in Nay Pyi Taw which will allow us to work more closely with our Government counterparts. We will continue to cooperate with community leaders as well as with our partners in civil society, the international community, academia, private sector, the media, local and international NGOs – and the Special Envoy and the UN system.

As we await my successor, we can be sure that the new RC, will be guided by these same principles. I am fully confident that you will accord him/her the same support and cooperation that you have shown me.

I would like to take this opportunity again to thank you all, for your support, your collegiality and most of all, your dedication to serving the people of this beautiful country that I have come to know and to appreciate.   This is not a goodbye, in the final sense of the word, but rather to say that it has been a privilege to work with all of you and to serve the people of Myanmar.  I look forward to seeing you again, where ever and when ever we may meet again.

Sincerely,

Knut Ostby


ချစ်ခင်ရပါသော လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများခင်ဗျာ –

သင်တို့ ဤစာကို ဖတ်ရှုနေရချိန်တွင် ကျွန်တော်၏  မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်သည့် ရာထူး သက်တမ်းသည် ကုန်ဆုံးခဲ့ပြီ ဖြစ်ပါသည်။ ကျွန်တော်သည် မြန်မာနိုင်ငံတွင် နှစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ခွင့် ရခဲ့ပါသည်။ ကျွန်တော်အနေဖြင့် သင်တို့၏ UN တန်ဖိုးများကို လိုက်နာထိန်းသိမ်းမှုနှင့် ကြိုးပမ်းအားထုတ်မှုများ အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။ ကျွန်တော်သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စီမံချက်အများ အပြားသို့ သွားရောက်ခဲ့ပါသည်။ ထိုသို့ သွားရောက်သည့်အခါတိုင်း သင်တို့၏ UN မစ်ရှင်ကို မြတ်မြတ်နိုးနိုး ထမ်းရွက်နေမှုနှင့် သင်တို့၏ လုပ်ငန်းကျွမ်းကျင်မှု၊ ပညာရှင်ပီသမှုတို့ကို နှစ်သက်သဘောကျခဲ့ရပါသည်။ ကျွန်တော်တို့ အလုပ်အကျွေးပြုနေသူများနှင့် လူမှုအသိုင်းအဝိုင်းများက သင်တို့၏ လုပ်ဆောင်မှုများကို အသိ အမှတ်ပြု ကျေးဇူးတင်ကြခြင်းမှာလည်း ဤအတွက်ကြောင့်ပင် ဖြစ်ကြောင်း သိသာထင်ရှားလှပါသည်။ သင်တို့ အနေဖြင့် ဝန်ဆောင်မှု၏ အမြင့်မားဆုံးစံနှုန်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန်နှင့် ကျွန်တော်တို့၏ အကျိုးခံစားခွင့်ရှိသူများအတွက် မျှော်မှန်းသည့် ရလဒ်များကို ဆက်လက်ဆောင်ကြဉ်းပေးကြပါဟု တိုက်တွန်း ပြောကြားလိုပါသည်။ ဤနည်းဖြင့်သာ ကျွန်တော်တို့သည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် တန်ဖိုးတစ်ခုကို ဖန်တီးအကျိုးပြုနိုင်မည် ဖြစ်ပါသည်။

အဆိုပြုထားသော RC အသစ်အား အစိုးရထံသို့ အကြောင်းကြားထားပြီးဖြစ်ကာ ယခုအခါ နေပြည်တော်မှ တရားဝင်ပြန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း အသိပေးလိုပါသည်။ RC အသစ်ထံသို့ တာဝန်လွှဲပြောင်းပေး နိုင်ရေး စီစဉ်ဆောင်ရွက်မှုများအတွက် ကူညီပံ့ပိုးပေးသည့် UNCT ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလို ပါသည်။ မြန်မာနိုင်ငံရှိ UN ဌာနေအဖွဲ့သည် မြန်မာနိုင်ငံမှ ရင်ဆိုင်နေရသည့် ကြီးမားသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရနှင့် အခြား မိတ်ဖက်များကို ထိရောက်စွာ ကူညီပေးနိုင်သည့် အဖွဲ့ဖြစ်ကြောင်း  အသစ်ရောက်လာမည့် RC အနေဖြင့် တွေ့မြင်သိရှိလာလိမ့်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။

မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် အသွင်ကူးပြောင်းမှုများကို UN အနေဖြင့် ပံ့ပိုးကူညီပေးနိုင်သည့် အရာပေါင်း မြောက်မြားစွာ ရှိပါသည်။ မြန်မာနိုင်ငံသို့ ကျွန်တော် စတင်ရောက်ရှိလာခဲ့သည့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းသည် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနည်းလမ်းအဖြစ် ရွေးကောက်တင်မြှောက်ခံ ခဲ့ရသော အစိုးရသစ်တစ်ရပ်၏ အစောပိုင်းကာလများကို ဖြတ်ကျော်နေချိန်ဖြစ်ပြီး တစ်ချိန်တည်းတွင် ရခိုင် ပြည်နယ် အကျပ်အတည်းလည်း ဖြစ်ပေါ်လာခဲ့ပါသည်။ အလွန်ကြီးမားသော စိန်ခေါ်မှုများ ရှိခဲ့သော်ငြားလည်း ကျွန်တော်တို့သည် ကျွန်တော်တို့၏ အောက်ပါ ရည်ရွယ်ချက်များကို မမှိတ်မသုန် ရှေးရှုဆောင်ရွက်နိုင်ခဲ့ကြ ပါသည် –

  • ပြည်သူများအားလုံး၏ အကျိုးအတွက် နိုင်ငံ၏ ငြိမ်းချမ်းရေး၊ စီးပွားရေးနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အရှိန်အဟုန်လျော့ကျမသွားအောင် ထိန်းသိမ်းပေးရန်၊
  • လူသားချင်းစာနာထောက်ထားမှုအကူအညီများကို သွားရောက်ပေးအပ်ခွင့် ပိုမို ရရှိအောင် ဆောင်ရွက်ခြင်းဖြင့် အသက်များကို ကယ်တင်ရန်၊
  • ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များအတွက် ရေရှည်တည်တံ့နိုင်သည့် အဖြေများကို ရှာဖွေတွေ့ရှိနိုင်ရေး ကူညီပံ့ပိုးပေးရန်နှင့်၊
  • လူ့အခွင့်အရေးဆိုင်ရာ တွန်းအားပေးအကြံပြုဆွေးနွေးမှုများ ပြုလုပ်ပေးရန် ဖြစ်ပါသည်။

သင်တို့ကို သတိပေးလိုသည့် အရာတစ်ခု ရှိပါသည်။ UN သည် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ် ခြင်းနှင့် အနိုင်အထက်ပြုခြင်းကို လုံးဝသည်းမခံကြောင်း မမေ့မလျော့ သတိပြုကြရန် ပြောကြားလိုပါသည်။ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုနှင့် အခွင့်အာဏာ အလွဲသုံးစားလုပ်မှုတို့ကို တားဆီးကာကွယ်ခြင်း နှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် UN စနစ်တစ်ခုလုံးအတွက် ဦးစားပေးကိစ္စတစ်ခု ဖြစ်ပါသည်။ ဤကိစ္စနှင့် စပ်လျဉ်း ၍ ကျွန်တော်သည် ဝန်ထမ်းများအားလုံးထံ စာတစ်စောင် ရေးသားထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ ထိုစာထဲတွင် သတင်းပေးတိုင်ကြားမှုများကို ပြုလုပ်ခွင့်ရစေမည့်၊ တရားမျှတ၍ လျှို့ဝှက်ထိန်းသိမ်းပေးသည့် နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် UN အဖွဲ့အစည်းအတွင်းမှ စနစ်ကို အားကောင်းလာအောင် လုပ်ဆောင်သင့် သည့် လုပ်ငန်းဆောင်ရွက်ချက်များကို ရေးသားဖော်ပြခဲ့သည်။

မြန်မာနိုင်ငံရှိ UN ၏ လုပ်ငန်းများအပေါ် ဝေဖန်ပိုင်းခြားဆန်းစစ်ထားသည့် အရေးကြီးသော အစီရင်ခံစာ တစ်စောင်မှာ Rosenthal Report ဖြစ်ပါသည်။ ထိုအစီရင်ခံစာတွင် UN စနစ် ကြီးတစ်ခုလုံးကို နိုင်ငံအတွင်း မှရော၊ အပြင်မှပါ ဆန်းစစ်လေ့လာတင်ပြထားသည့်အတွက် ထိုအစီရင်ခံစာကို ဖတ်ရှုကြပါဟု ကျွန်တော်အနေ ဖြင့် တိုက်တွန်းအားပေးလိုပါသည်။ အဆိုပါ သုံးသပ်လေ့လာချက်သည် ကျွန်တော်တို့အားလုံးအတွက် အလွန် ပင် တန်ဖိုးရှိပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အစီရင်ခံစာပါ အကြံပြုချက်များအား လက်ခံထားပြီးဖြစ်ကာ “ကုလသမဂ္ဂစနစ်၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရန်အလို့ငှာ အဆိုပါအကြံပြု ချက်များကို အကောင်အထည်ဖော်ရန်လည်း ကတိကဝတ်ပြုထားပါသည်”။ မြန်မာနိုင်ငံရှိ UN ဌာနေအဖွဲ့ ကလည်း UN HQ နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်နေပြီး ထိုအကြံပြုချက်များ အကောင်အထည်ဖော်ရေးတွင် သက်ဆိုင်ရာ အပိုင်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အပြည့်အဝ အားထုတ်ဆောင်ရွက်နေပါသည်။

ကျွန်တော်တို့သည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် UN စနစ်၏ ခေါင်းဆောင်ပိုင်းမှ ကျွန်တော်တို့အပေါ် ယုံကြည်အားထားသည့်အတိုင်း အပြုသဘောဆောင်၍ ချမှတ်ထားသော စည်းမျဉ်းများ ပေါ် အခြေခံသည့် နည်းလမ်းဖြင့် ချဉ်းကပ်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ဤနေရာတွင် ကျွန်တော်တို့၏ အစီ အစဉ်များအားလုံး၌ လူ့အခွင့်အရေးကို အခြေခံသည့် နည်းလမ်းဖြင့် ဆောင်ရွက်ရန်လည်း ပါဝင်ပါသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့၏ လုပ်ဆောင်မှုတိုင်းကို နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ခဲ့ကြပါသည်။ UNCT အနေဖြင့် နားလည်လက်ခံထားသည့်အချက်မှာ UN သည် ဗျူဟာကျကိစ္စရပ် များတွင် အများပြည်သူကိုယ်စား အစိုးရအား တွန်းအားပေးအကြံပြုဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပြီး စိုးရိမ်ပူပန်ဖွယ်ရာ အရေးကိစ္စများအတွက် ဆက်လက်ရပ်တည်အရေးဆိုသွားမည်ဟူသော အချက် ဖြစ်ပါသည်။

ကျွန်တော်တို့သည် မည်သူ့ကိုမျှ နောက်ချန်မထားခဲ့ရ ဟူသည့် အခြေခံစည်းမျဉ်းကို အစဉ်အမြဲ ဦးစားပေး လိုက်နာခဲ့ကြပြီး ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံစည်းမျဉ်းများ၊ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ဦးစားပေးလုပ်ငန်းများနှင့်အညီ မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများအားလုံးမှ ပြည်သူများအား လူမျိုးမရွေး၊ ဘာသာမရွေး သို့မဟုတ် နိုင်ငံသားဖြစ်မှု အဆင့်အတန်းမရွေး ဝန်ဆောင်မှုများ ပေးခဲ့ပါသည်။ သင်တို့အနေဖြင့် မည်သူ့ကိုမျှ နောက်ချန်မထားခဲ့ရ ဟူသည်ကို လမ်းညွှန်စည်းမျဉ်းတစ်ခု အဖြစ် ဆက်လက်လိုက်နာကျင့်သုံးကာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြပါဟု တိုက်တွန်းလိုပါသည်။

ကမ္ဘာလုံးဆိုင်ရာ အဆင့်တွင် ဆောင်ရွက်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများနှင့်အညီ ကုလသမဂ္ဂဌာနေညှိနှိုင်း ရေးမှူးရုံးသည် ယခုအခါ UNDP မှ တရားဝင် သီးခြားခွဲထွက်ခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အပြောင်းအလဲများကို ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျွန်တော်တို့ ကူညီဝန်ဆောင်ပေးရန် ကြိုးပမ်းနေသူများဖြစ်ကြသော အဆင်း ရဲဆုံးနှင့် ထိခိုက်လွယ်မှုအရှိဆုံးသူများ၏ အကျိုးကျေးဇူးအလို့ငှာ ကမ္ဘာနှင့်အဝှမ်းရှိ ဖွံ့ဖြိုးမှုနှင့် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းနှစ်မျိုးစလုံးတွင် ပိုမိုအားကောင်းသော ပေါင်းစပ်ညှိနှိုင်းမှုများ ဖြစ်ပေါ်လာအောင် အားပေးပံ့ပိုးရန် ဖြစ်ပါသည်။ ယခုအခါ ကျွန်တော်တို့သည် နေပြည်တော်တွင် UN ရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ် သည့်အားလျော်စွာ ကျွန်တော်တို့၏ အစိုးရမိတ်ဖက်များနှင့် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။ ကျွန်တော်တို့သည် ရပ်ရွာလူထု ခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ နိုင်ငံတကာအသိုင်း အဝိုင်း၊ ပညာရှင်များ၊ ပုဂ္ဂလိကကဏ္ဍ၊ မီဒီယာ၊ ပြည်တွင်းနှင့် နိုင်ငံတကာ NGO များ၊ အတွင်းရေးမှုးချုပ်၏အထူးကိုယ်စားလှယ် နှင့် UN စနစ် အတွင်းမှ ကျွန်တော်တို့၏ မိတ်ဖက်များနှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

ယခုအခါ ကျွန်တော်၏ ရာထူးကို လွှဲပြောင်းဆက်ခံမည့်သူအား စောင့်ဆိုင်းလျက်ရှိပါသည်။ အသစ်ရောက်ရှိ လာမည့် RC သည်လည်း  တူညီသည့် အထက်ဖော်ပြပါ စည်းမျဉ်းများ၊ အခြေခံမူများအတိုင်း လိုက်နာကာ တာဝန်များကို ထမ်းဆောင်သွားလိမ့်မည်ဆိုသည်ကို ကျွန်တော်တို့ စိတ်ချယုံကြည်နိုင်ပါသည်။ သင်တို့အားလုံးသည်လည်း ကျွန်တော်ကို ပံ့ပိုးကူညီခဲ့ကြသည့်အတိုင်း၊ ပူးပေါင်းလက်တွဲခဲ့ကြသည့်အတိုင်း RC/HC အသစ်ကိုလည်း ပူးပေါင်းကူညီပေးကြလိမ့်မည်ဟု ကျွန်တော် အပြည့်အဝ ယုံကြည်မိပါသည်။

ကျွန်တော့်အနေဖြင့် သင်တို့၏ ပံ့ပိုးကူညီမှု၊ ရဲဘော်ရဲဘက်စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုတို့အတွက် ကျေးဇူးတင်ရှိပါကြောင်း ထပ်မံပြောကြားလိုပြီး အားလုံးထက်ပို၍ ကျေးဇူးတင်မိသည့်အချက်မှာ ကျွန်တော် နားလည်သိရှိ မြတ်နိုးခွင့်ရခဲ့သည့် သာယာလှပလွန်းလှသော ဤနိုင်ငံမှ ပြည်သူများကို အလုပ်အကျွေးပြုရန် သင်တို့၏ နှစ်မြှုပ်ကြိုးပမ်းအားထုတ်မှုများအတွက် ဖြစ်ပါသည်။ ဤစာလွှာသည် နှုတ်ဆက်စကားဆိုရန် သက်သက်အတွက် မဟုတ်ပါ။ သင်တို့အားလုံးနှင့် လက်တွဲအလုပ်လုပ်ခွင့်ရခြင်း၊ မြန်မာပြည်သူများအတွက် အလုပ်အကျွေးပြုခွင့်ရခြင်းသည် ကျွန်တော့်အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ဖြစ်ခဲ့ရကြောင်းကို အဓိက အသိပေးပြောကြားလိုခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်သည် သင်တို့နှင့် မည်သည့်နေရာ၊ မည်သည့်အချိန် တွင်မဆို ထပ်မံဆုံတွေ့ခွင့်ရရန် မျှော်လင့်စောင့်စားနေမည် ဖြစ်ပါသည်။

စိတ်ရင်းမှန်ဖြင့်

ကနွတ်အော့စ်ဘီ

 

 

 

Knut Ostby